Monday, May 4, 2015

ငွေရှာတာချင်း တူပေမယ့်

ငွေဂုဏ်ရမ္မက် အသိမဲ့စွာ
စီးပွားရှာလည်း ထိုသူစီးပွား
ကျိုးမများဘူး။
ရှိတုန်းပျော်ရ တခဏသာ
လျော့ကွာတစ်နေ့  စိတ်မမြေ့နိုင်
ကြံထိုင်မရ ဒေါ မနနှင့် 
ကာယဆင်းရဲ စိတ်မည်းမည်းဆွေ
လိုလေလိုမြဲ သူဆင်းရဲ၏။

အသိမကွာ လိုရာသုံးစွဲ
ပေးဝေခွဲချ ငွေဓနကို
နှစ်ဝသူငါ ကျိုးနှစ်ဖြာတွက်
ငွေရှာလျှက်သည် ထိုသည့်သူအား
အကျိုးများ၏။
ထိုသူဓန ကုန်ရစေဦး
ရင်သက်ပြုံးသီ၊
ရှာရစေတော့ ရင်ကိုမော့လျက်
တကျော့တေးသီ ပြုံးဝေစီ
မကြည်ခဏ ဘဝလှ၏။