Sunday, April 26, 2015

ဘဝဆိုတာ ဖြတ်သန်းခွင့်ရှိနေတဲ့ နေရောင်ခြည်တွေနဲ့ အတူ........

 တဖြည်းဖြည်းကုန်ဆုံးသွားလာနေတဲ့ အချိန်တွေကြားမှာ
ဖြတ်သန်းခွင့်ရှိနေတဲ့ နေရောင်ခြည်လိုပဲ ဘဝဆိုတာလည်း
ရွေ့လျားကုန်ဆုံးနေတဲ့ အချိန်ကာလတိုက်စားမှုတွေနဲ့ ရုန်းကန်နေရတာပါ။
အလို အလို အလို .....
ဖြစ်ချင် ဖြစ်ချင် ဖြစ်ချင် ......ရည်ရွယ် ၊ မှျေုာ်လင့်ချက်တွေနဲ့ အလိုမကျ 
ဖြစ်ချင်တာတွေကမရောင့်ရဲ ဒီလိုနဲ့ အသက်က ခေါင်းခေါက်လာတော့တာပဲ။
တစ်ခါ တစ်ခါ ပျော်ဖူးပါတယ် အဲသလို တစ်ခါတစ်ခါလေးတွေနောက်ကို လိုက်နေတာ လက်ရှိအချိန်ထိပေါ့။
အသည့်စိတ်တွေသာ မာနေရင် သေမယ်ကိုမထင်မိဘူးနော် ၊၊ ဒါပေမယ့် ကိုယ့်အောက်ကို ငုံ့ကြည့်လိုက်တော့မှ သစ်လွင့်စ မီးကောင်ပေါက်ကလေးတွေ သြော် ငါတို့လိုပဲ ငါတို့လိုပဲ....
သေချာတယ် ဘဝဆိုတာ ဖြတ်သန်းခွင့်ရှိနေတဲ့ နေရောင်ခြည်တွေနဲ့ အတူ........

ကိုယ်ချင်းစာလို့ နာ သလား

ငါလည်းမဆင်းရဲချင်ဘူး ဆိုရင်
သူ့ကိုလည်း မဆင်းရဲစေနဲ့ပေါ့။
ငါလည်းပျော်ချင်တာပဲ ဆိုရင်
သူ့ကိုလည်း ပျော်အောင်ထားလိုက်ပေါ့။
ငါက ညာတာအမုန်းဆုံး ဆိုရင်
သူ့ကိုလည်း မုန်းချင်အောင်မလုပ်နဲ့ပေါ့။
ငါက သည်းခံတာအတိုင်းအတာနဲ့ ဆိုရင်
သူ့ကိုလည်း အတိုင်းအတာနဲ့ဆက်ဆံပေးပေါ့။
ငါ့ကို ခွင့်လွှတ်ပေးပါပြောချင်ရင်
သူ့ကိုလည်း အရင်ခွင့်လွှတ်ပေးခဲံ့ပေါ့။
ငါက အမှန်တရားကိုမြတ်နိုးတယ် ဆိုရင်
သူ့ကိုလည်း အမှန်တွေပေးပေါ့။
ငါလို့ပဲ
သူလည်း.........
ကိုယ်ချင်းစာ လို့ မနာပါဘူး
ကိုယ်ချင်းစာမှ သူ ငါ သာယာမှာပေါ့။