Sunday, April 26, 2015

ကိုယ်ချင်းစာလို့ နာ သလား

ငါလည်းမဆင်းရဲချင်ဘူး ဆိုရင်
သူ့ကိုလည်း မဆင်းရဲစေနဲ့ပေါ့။
ငါလည်းပျော်ချင်တာပဲ ဆိုရင်
သူ့ကိုလည်း ပျော်အောင်ထားလိုက်ပေါ့။
ငါက ညာတာအမုန်းဆုံး ဆိုရင်
သူ့ကိုလည်း မုန်းချင်အောင်မလုပ်နဲ့ပေါ့။
ငါက သည်းခံတာအတိုင်းအတာနဲ့ ဆိုရင်
သူ့ကိုလည်း အတိုင်းအတာနဲ့ဆက်ဆံပေးပေါ့။
ငါ့ကို ခွင့်လွှတ်ပေးပါပြောချင်ရင်
သူ့ကိုလည်း အရင်ခွင့်လွှတ်ပေးခဲံ့ပေါ့။
ငါက အမှန်တရားကိုမြတ်နိုးတယ် ဆိုရင်
သူ့ကိုလည်း အမှန်တွေပေးပေါ့။
ငါလို့ပဲ
သူလည်း.........
ကိုယ်ချင်းစာ လို့ မနာပါဘူး
ကိုယ်ချင်းစာမှ သူ ငါ သာယာမှာပေါ့။

No comments:

Post a Comment