Wednesday, December 31, 2014

ရင့်ရော်ခြင်း နှစ်သစ်

ခုနှစ် သက္ကရာဇ်တွေ တစ်ပတ်ရစ်လာတဲ့အခါ
နှစ်သစ်ဟု ပျော်ကြလေသည်။
တကယ်တော့လေ.... 
အဟောင်းကရင့်လို့ အသစ်ဖြစ်လာ
ဇရာစက်ဝန်းရဲ့ ပုံမှန်ဥတုကတော့ ဖောက်ပြန်လျက်ပါပဲ။
ပျက်လိုက် ဆင်လိုက် မောဟတွေနဲ့ နိစ္စဓူဝအလုပ်တွေရင်းသည်ထက်ရင်းလျက်
လောကဓံဆိုတာကို ပြု ပြင် ပြေး လွှားကာဖြင့် ဘာမသိ ညာမသိနေလိုက်တာ
အခုတော့လည်း ငါ့အောက်မှာ လူတွေပိုတိုးလာပြီပေါ့။
ငါတို့ ရှေ့ဆက်ကြရဦးမှာပါလေ။။။။။

Tuesday, December 30, 2014

ခဲရင်းပါပေတယ်

ပကတိစိတ်ထား ရိုးရိုးသားနှင့် စကားကောင်းကို မှန်ရာဆိုသည့် ပုဂ္ဂိုလ်မျိုးလည်း တွေ့နိုင်ခဲ၏။
မိဘရိုသေ လုပ်ကျွေးလေ၍ နေထိုင်မကောင်း အကြောင်းကြောင်းပေါ် သားကောင်းသ္မီး လက်ပွန်းတည်းနှင့် မငြီးမငြူ တာဝန်ယူ၍ ကူညီသူလည်း တွေ့နိုင်ခဲ၏။
ဆင်းရဲမခွာ ချမ်းသာအမျှ ဘဝတစ်သက် ကြင်ဖော်ဖက်လျက် လက်တွဲလျှောက်လှမ်း ခရီးကြမ်းစေ ပင်ပန်းစိတ်မထား ယှဉ်တွဲသွားမည့် မယားကောင်းလည်း တွေ့နိုင်ခဲ၏။
လူချင်းချစ်လျှင် ခင်မင်လွှမ်းပတ် မေတ္တာဓာတ်နှင့် ပေါင်းလတ်ချင့်မျှော် တွေးခေါ်ပြည့်စုံ လူယုံတော်သည့် အဖော်ကောင်းလည်း တွေ့နိုင်ခဲ၏။( နာမည်မသိစာရေးဆရာတဦး )
  (ဦးဇောတိက  facebook မှ)

လူ့စံညွန်း

လူသားတို့ရဲ့ကမ္ဘာ
မူထားရာ စံအစဉ်ကိုဖြင့်
သမ်ပဇဉ်ထား၊
သီရိရဲ့ဦးညွတ်ရာ
ဟီရိ သြတ္တာနဲ့  (အရှက် ၊အကြောက်တရား)
အထွတ်မှာ သဒ်ဓာသွင်း (ယုံကြည်မှု)
ကိုယ်ချင်းစာထား။
         (မဟာဗောဓိမြိုင်ဆရာတော်)

Sunday, December 28, 2014

ခိုက်ရန်

လူသားတို့ စိတ်တွင် ဘုရားရှင်းဟောကြားသော 
ဂါရဝ=ရိုသေတတ်ခြင်း
နိဝါတ=မိမိကိုယ်ကိုနှိမ့်ချတတ်ခြင်း မင်္ဂလာနှစ်ပါး ရှိနေရင်သော်မှ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်းမှ ငြိမ်းအေးနိုင်လိမ့်မည်။ အသက်ရှင်နေရသော ဘဝသည် အလွန်တိုတောင်းလှပါသည် သို့သော် အလွန်တိုတောင်းသောဘဝဖြင့် ပြုလုပ်နေသော ကံ တို့ကား တိုတောင်းလိမ့်မည်မဟုတ်၊ နိဗ္ဗာန်မရောက်မချင်း နောက်က လိုက်လာလိမ့်မည်ဖြစ်သည်။ 
 သင်သည် ငါသည်  ထိုကဲ့သို့ တိုတောင်းသော ဘဝဖြင့် အဘယ်သို့သော ကံ ကို ကာယကံ ကိုယ်ဖြင့် ပြုလုပ်မည်နည်း။
အဘယ်သို့သော ကံ ကို ဝစီကံ နှုတ်ဖြင့် ပြုလုပ်မည်နည်း။
အဘယ်သို့သော ကံ ကို မနောကံ စိတ်ဖြင့် ပြုလုပ်မည်နည်း။
  ထိုပြုလုပ်မိသမျှ ကံ တို့သည် မတိုတောင်းသည်က များပေလိမ့်မည်။ 

Friday, December 26, 2014

ဥုံ ဆိုသည်မှာ

တချို့သောဂါထာန္တာန်တို့၏ရှေ့တွင်ထားပြီး ရွတ်ဆိုတတ်လေ့ရှိသော ဥုံ ဆိုသော စကားလုံးသည် ထေရဝါဒလာ ဘုရားဟောမဟုတ် ဟိန္ဒူဗြဟ္မဏဝါဒလာ စကားရပ် အက္ခရာစာလုံးဖြစ်သည်။
(အ-ဥ-မ ) အ-မဟာဗြဟ္မာကြီး၏အထိမ်းမှတ်
ဥ-ဗိဿနိုးနတ်မင်းကြီး၏အထိမ်းမှတ်
မ--သီဝနတ်မင်းကြီး၏အထိမ်းမှ ထိုနတ်မင်းကြီးသုံးပါးကို တစ်လုံးတည်းပေါင်းပြီးလျှင် ဥုံ  ဟု ရွတ်ဆိုခြင်းဖြစ်သည်။ ဟိန္ဒူဝါဒရှိ နတ်ဘုရားကြီးသုံးပါး၏ ဂုဏ်တော်ကို ရည်ရွယ်ခြင်းဖြစ်သည်။
 ( ဓမ္မစာစုများမှ)http://thuriyawassa.blogspot.com/

Thursday, December 25, 2014

အသိုက်အမြုံ

အသိုက်အမြုံရှိသော ထိုနေရာသို့
ပြဿနာများနှင့် စကားလုံးတစ်ချို့သည်
မထင်မှတ်သောအချိန်တွင်ရောက်လာတတ်သည်။
ဘဝ၏ပျော်ရွှင်စရာ အချိန်သည် ခဏသာတွေ့ဆုံခွင့်ရှိသော
ရပ်ဝေးနေ ချစ်မိတ်ဆွေနှင့်မခြားး ။

Wednesday, December 24, 2014

အချစ်

သူတစ်ယောက်ကို ချစ်ဖို့ဆိုတာ 
ခံစားချက်သက်သက်ကို ဦးစားပေးလို့တော့ မဖြစ်ဘူးလေ
စဉ်းစားသင့်ပါသေးတယ်နော်..။

ဘယ်နေရာပဲရောက်ရောက်

သူနဲ့အဆင်မပြေတဲ့အခါ
သူက ငါမဟုတ်ဘူး
ငါလည်းသူမဟုတ်ဘူးပေါ့
အဲ့သည့်တော့ သူနဲ့ငါ နေရာတိုင်းအဆင်မပြေနိုင်ဘူးပေါ့။

Tuesday, December 23, 2014

ကိုယ်ပိုင်တဲ့အရာ

ဘယ်အချိန်သေမှန်းမသိတဲ့ အချိန်လေးတွေကိုပဲ ကိုယ်ကပိုင်ဆိုင်ထားတာပါ။