ပကတိစိတ်ထား ရိုးရိုးသားနှင့် စကားကောင်းကို မှန်ရာဆိုသည့် ပုဂ္ဂိုလ်မျိုးလည်း တွေ့နိုင်ခဲ၏။
မိဘရိုသေ လုပ်ကျွေးလေ၍ နေထိုင်မကောင်း အကြောင်းကြောင်းပေါ် သားကောင်းသ္မီး လက်ပွန်းတည်းနှင့် မငြီးမငြူ တာဝန်ယူ၍ ကူညီသူလည်း တွေ့နိုင်ခဲ၏။
ဆင်းရဲမခွာ ချမ်းသာအမျှ ဘဝတစ်သက် ကြင်ဖော်ဖက်လျက် လက်တွဲလျှောက်လှမ်း ခရီးကြမ်းစေ ပင်ပန်းစိတ်မထား ယှဉ်တွဲသွားမည့် မယားကောင်းလည်း တွေ့နိုင်ခဲ၏။
လူချင်းချစ်လျှင် ခင်မင်လွှမ်းပတ် မေတ္တာဓာတ်နှင့် ပေါင်းလတ်ချင့်မျှော် တွေးခေါ်ပြည့်စုံ လူယုံတော်သည့် အဖော်ကောင်းလည်း တွေ့နိုင်ခဲ၏။( နာမည်မသိစာရေးဆရာတဦး )
(ဦးဇောတိက facebook မှ)

No comments:
Post a Comment