လူသားတို့ စိတ်တွင် ဘုရားရှင်းဟောကြားသော
ဂါရဝ=ရိုသေတတ်ခြင်း
နိဝါတ=မိမိကိုယ်ကိုနှိမ့်ချတတ်ခြင်း မင်္ဂလာနှစ်ပါး ရှိနေရင်သော်မှ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်းမှ ငြိမ်းအေးနိုင်လိမ့်မည်။ အသက်ရှင်နေရသော ဘဝသည် အလွန်တိုတောင်းလှပါသည် သို့သော် အလွန်တိုတောင်းသောဘဝဖြင့် ပြုလုပ်နေသော ကံ တို့ကား တိုတောင်းလိမ့်မည်မဟုတ်၊ နိဗ္ဗာန်မရောက်မချင်း နောက်က လိုက်လာလိမ့်မည်ဖြစ်သည်။
သင်သည် ငါသည် ထိုကဲ့သို့ တိုတောင်းသော ဘဝဖြင့် အဘယ်သို့သော ကံ ကို ကာယကံ ကိုယ်ဖြင့် ပြုလုပ်မည်နည်း။
အဘယ်သို့သော ကံ ကို ဝစီကံ နှုတ်ဖြင့် ပြုလုပ်မည်နည်း။
အဘယ်သို့သော ကံ ကို မနောကံ စိတ်ဖြင့် ပြုလုပ်မည်နည်း။
ထိုပြုလုပ်မိသမျှ ကံ တို့သည် မတိုတောင်းသည်က များပေလိမ့်မည်။
No comments:
Post a Comment