Saturday, January 3, 2015

အမေဟူသော သူ့ အနန္တတွေကြောင့်ပေါ့

 အမှောင်ပေ အရောင်တွေခမ်းနေတဲ့ ဘဝကြမ်းခင်း 
လောကတန်ဆာ ဗလချာအဆိုးတွေနဲ့ အလွှာမျိုးမျိုးက အလှမပါ
ဒီဘဝအတွက်တော့ နတ္ထိ နဲ့ သုည စလာကတည်းက အထနှေးတယ်
နတ် သကြား ဝတ်တွားလို့ အထံပါး သနားခံ
ကျွန်ုပ်ထံ ဆုတော်လာဘ်ပေးလတ်သော်မှ ဘဝမလုံဘူး ထင်ရဲ့ 
အညတြ  အနုညာတ ဒီဝဲက ဒိအလွဲတွေနဲ့ လူမွဲ စိတ်မွဲ ဘဝမွဲတွေ 
ငါ့ရှေ့က တွန်းလှန် ငါ့နောက်ကခုခံ ငါ့ဘေးကဖယ်ရှား 
အားနွဲ့တဲ့မိန်းမသား ဆိုသော်ငြားလည်း
သုဿာန်နဲ့ သူ့မျက်နှာ တစ်သားတည်းကျနေတာတောင် သတ္တိခဲနဲ့ လမ်းမလွှဲဘူး
ကျောက်သားမဟုတ်တဲ့ သူ့နှလုံးသားက အသည်းနုတယ် ဇွဲကောင်းတယ် စိတ်ရှည်တယ်
သူ့ကြောင့် လက်ရှိဘဝသည် နေတတ်တယ် သေတတ်တယ် 
အလုံးစုံမပြည့်စုံပေမယ့် အလုံးစုံမလိုလောက်အောင်တော့ ပြည့်စုံနေတယ် 
အမေဟူသော သူ့ အနန္တတွေကြောင့်ပေါ့။

No comments:

Post a Comment