Sunday, January 4, 2015

ကိုယ်ခင်းထားတဲ့ လမ်း

အစွဲလမ်းဆိုတာကို ဘယ်တော့မှ မီးမရှို့ချင်သူအတွက်
အိပ်မက်ဆိုတာလည်း သံသရာထဲက ဇာတ်လမ်းရှည်တစ်ပုဒ်ပဲလေ
သေချာတယ် ဒီဇာတ်သိမ်းမလှဘူး။
ဒါကို ကံကြမ္မာလို့ခေါ်မလား ရပါတယ် ခေါ်သင့်တယ် 
ဒါပေမယ့် ကိုယ်ခင်းတဲ့လမ်းနော် ကြမ်းသည်ဖြစ်စေ ချောသည်ဖြစ်စေ ကိုယ့်လမ်းပဲ။
ဘဝဆိုတာ ရဖို့ခက်သလောက် ဆုံးရှုံးဖို့လွယ်တဲ့ အသက်ရှူမှုတစ်ခုပဲလေ
ဝင် ထွက် သွား လာ နေတဲ့ စိတ်အစဉ်က ကိုယ်သွားမယ့် လမ်း ဆိုတာကို မသိတရွေ့တော့
ငါကောင်းတယ်လို့ မဆိုနဲ့ဦး စောပါသေးတယ်။
မလုပ်ချင်တာတွေ မလုပ်သင့်တာတွေ ရှောင်ပြေးလို့မရဘူး ဆိုတဲ့ ကိုယ့်ဘဝဟာလည်း ကိုယ့်လက်ထဲက ပိုးဟပ်တစ်ကောင်ပါပဲ သူသေဆို ကိုယ်ကရှင်ပေးလိုက် သူရှင်တယ်ဆိုရင် ကိုယ်ကသေအောင်လုပ်လိုက် ကိုယ့်သဘောပဲ။ ထောင်မြင်လို့ ရာစွန့်ပါတယ် ထောင်မရပဲ စွန့်လိုက်တဲ့ရာပါ ဆုံးရှုံးမှာကြောက်နေရင် သေချာတယ် အနိုင်ကိုမရ အရှုံးမရှိ နဲ့ ခပ်ပေါ့ပေါ့ ဘဝပြိုင်ပွဲပဲ ဖြစ်သွားမှာ။
ကိုယ်ခင်းထားတဲ့ လမ်း ကိုယ်တိုင်လျှောက်တာ ကြောက်လည်းပဲ ရောက်အောင်တော့ ဆက်လျှောက်ရမှာပဲ။
မတွေဝေနဲ့ လမ်းမဖြစ်ခင်က စဉ်းစားထား.......

No comments:

Post a Comment